ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ဂုဏ်ပြုတင်ပြလိုက်ပါသည်။
“Zawgyi
Font”
“ကျေးဇူးဆပ်လော့”
=======================
မြန်တိုင်းနဂရာ၊
သမိုင်းမှာလျှင်၊
ဘယ်ခါကမျှ၊မပေါ်ရသည့်၊
ဆိုးစွကျွန်းတွင်း၊
သက်ဆင်းမွန်းနစ်၊
နှစ်ပေါင်းတရာ၊
ကာလတာဝယ်၊
မြန်မာတိုင်းဖွါး၊
လူနင်းပြားတို့၊
ရှည်လျားကာလ၊
လွတ်လပ်ရအောင်၊
ကြိုးပမ်းဆောင်စဉ်၊
ရောင်ဝါထိန်လင်း၊
နေမင်းပေါ်လာ၊
ကဲ့ပမာသို့၊
မြတ်အခေါင်သည်၊
ရှေ့ဆောင်ပြုကာ၊
မြန်မာပြည်ထောင်စု၊
လွတ်လပ်မူကို၊
အားစု အင်စိုက်၊
တိုက်ခိုက်တော်လှန်၊
နယ်ချဲ့ရန်မှ၊
ဝေးလံလွတ်ကင်း၊
အမှောင်တွင်းမှ၊
ရှင်းရှင်းထွက်ရ၊
ဂုဏ်အထူးကို၊
ချီးကျူးမကုန်၊
မြေ၀သုန်နှင့်၊
နိုင်းတုံမြင့်မိုရ်၊
အောင်ဆန်းတည်း။
စံနိုင်းစရာ၊
မရှိပါဟု၊
ကမ္ဘာလုံးက၊ အံ့သြရသည်၊
ဒို့ဖ ဗိုလ်ချုပ်၊
သူ့အရုပ်ကို၊
ဖော်ထုတ်စဉ်းစား၊
ဆင်ခြင်ပွါးစို့၊
စားဝတ်နေမူ၊ အစုစုကို၊
တသားတည်းသာ၊ နေတက်ရှာ၏၊
မငမ်းခွင့်ရေး၊
မတွေးစည်းစိမ်၊
နှလုံးအိမ်တွင်၊
ကြိမ်ကြိမ်စဉ်းစား၊
စာရေးသားရန်၊
စိတ်အားသန်ခဲ့၊
မြန်ပြည်လွတ်လပ်၊
ရတုံလတ်သော်၊
ချဉ်းကပ်တောရွာ၊
အေးငြိမ်းစွာတွင်၊
စာပေရေးမူ၊ ဓိဌာန်ပြု၏၊
ပြည်သူ့ အကျိုး၊
ဆောင်သည်ပိုးစဉ်၊
အပ်ကျိုးတချောင်း၊
ယောင်းမတတို၊
နိုင်းစရာမူ၊
ကံရိုင်းကြမ္မာ၊
ဆိုးလှစွာကြောင့်၊
မသမာလက်ချက်၊
ခန္နာပျက်ရ၊
ခုနစ်ဝယ်တွင်၊
ခေါ်ဖွယ်ဇူလိုင်၊
မိုးဖြိုင်သွန်းရွာ၊
ဆယ်ကိုးမှာတည့်၊
ကြီးစွာကျေးဇူး၊
ဂုဏ်အထူးကို၊
ချီးကျူးတသ၊ သတိရမူ၊
ဆန္ဒဗိုလ်ချုပ်၊
ထိုအလုပ်ကို၊
အားထုတ်လိုက်နာ၊
ဆောင်ရွက်ရာ၏၊
မြန်မာတိုင်းဖွါး၊
ပြည်ထောင်သားတို့၊
ကွဲပြားမရှိ၊
မြင်လိုဘိ၏၊
ရောင်မှိန်အ၀တ်၊
မွဲငတ်အလုပ်သမား၊
လယ်သမားတို့၊
ဖွံ့ထွားချမ်းသာ၊
ဆန္ဒာတောင်းတ၊
တွေ့လိုလှ၏၊
မွေးဖဗိုလ်ချုပ်၊
အားထုတ်တောင်းတ၊
အ၀၀ကို၊ စေ့ငပြီးပြေ၊
ဆောင်ရွက်လေလျှင်၊
ရန်အောင်။
“ဗိုလ်ချုပ်အောင်ဆန်း
ကဗျာများ” စာအုပ်
“Unicode
Font”
“ကျေးဇူးဆပ်လော့”
=======================
မြန်တိုင်းနဂရာ၊ သမိုင်းမှာလျှင်၊
ဘယ်ခါကမျှ၊မပေါ်ရသည့်၊
ဆိုးစွကျွန်းတွင်း၊ သက်ဆင်းမွန်းနစ်၊
နှစ်ပေါင်းတရာ၊ ကာလတာ၀ယ်၊
မြန်မာတိုင်းဖွါး၊ လူနင်းပြားတို့၊
ရှည်လျားကာလ၊ လွတ်လပ်ရအောင်၊
ကြိုးပမ်းဆောင်စဥ်၊ ရောင်၀ါထိန်လင်း၊
နေမင်းပေါ်လာ၊ ကဲ့ပမာသို့၊
အာဇာနည်စစ်၊ ပြည်ချစ်ခေါင်းဆောင်၊
မြတ်အခေါင်သည်၊ ရှေ့ဆောင်ပြုကာ၊
မြန်မာပြည်ထောင်စု၊ လွတ်လပ်မူကို၊
အားစု အင်စိုက်၊ တိုက်ခိုက်တော်လှန်၊
နယ်ချဲ့ရန်မှ၊ ၀ေးလံလွတ်ကင်း၊
အမှောင်တွင်းမှ၊ ရှင်းရှင်းထွက်ရ၊
လွတ်လပ်ကြ၏၊ ကြီးစွကျေးဇူး၊
ဂုဏ်အထူးကို၊
ချီးကျူးမကုန်၊
မြေ၀သုန်နှင့်၊
နိူင်းတုံမြင့်မိုရ်၊
မကပိုသည်၊
ဗိုလ်ချုပ်ဖခင် အောင်ဆန်းတည်း။
စံနိူင်းစရာ၊
မရှိပါဟု၊
ကမ္ဘာလုံးက၊ အံ့သြရသည်၊
ဒို့ဖ ဗိုလ်ချုပ်၊ သူ့အရုပ်ကို၊
ဖော်ထုတ်စဥ်းစား၊ ဆင်ခြင်ပွါးစို့၊
စား၀တ်နေမူ၊ အစုစုကို၊
ဂရုမထား၊ လူနင်းပြားနှင့်၊
တသားတည်းသာ၊ နေတက်ရှာ၏၊
အာဏာမလို၊
ထက်ကိုမမှန်း၊
မငမ်းခွင့်ရေး၊
မတွေးစည်းစိမ်၊
နှလုံးအိမ်တွင်၊
ကြိမ်ကြိမ်စဥ်းစား၊
စာရေးသားရန်၊ စိတ်အားသန်ခဲ့၊
မြန်ပြည်လွတ်လပ်၊
ရတုံလတ်သော်၊
ချဥ်းကပ်တောရွာ၊
အေးငြိမ်းစွာတွင်၊
စာပေရေးမူ၊
ဓိဌာန်ပြု၏၊
ပြည်သူ့ အကျိုး၊
ဆောင်သည်ပိုးစဥ်၊
အပ်ကျိုးတချောင်း၊
ယောင်းမတတို၊
မရလိုသည်၊
ဗိုလ်ချုပ်နှင့်သာ၊
နိူင်းစရာမူ၊ ပမာမင်းကြီးရန်နောင်တည်။
ကံရိုင်းကြမ္မာ၊ ဆိုးလှစွာကြောင့်၊
မသမာလက်ချက်၊
ခန္နာပျက်ရ၊
ချိန်ကာလကား၊ထောင့်ကိုးရာလေးဆယ်၊
ခုနစ်၀ယ်တွင်၊
ခေါ်ဖွယ်ဇူလိုင်၊
မိုးဖြိုင်သွန်းရွာ၊
ဆယ်ကိုးမှာတည့်၊
ကြီးစွာကျေးဇူး၊
ဂုဏ်အထူးကို၊
ချီးကျူးတသ၊
သတိရမူ၊
ဆန္ဒဗိုလ်ချုပ်၊
ထိုအလုပ်ကို၊
အားထုတ်လိုက်နာ၊
ဆောင်ရွက်ရာ၏၊
မြန်မာတိုင်းဖွါး၊
ပြည်ထောင်သားတို့၊
ကွဲပြားမရှိ၊
မြင်လိုဘိ၏၊
နတ္တိ၀မ်းစာ၊
စုတ်ချာအိုးအိမ်၊
ရောင်မှိန်အ၀တ်၊
မွဲငတ်အလုပ်သမား၊
လယ်သမားတို့၊
ဖွံ့ထွားချမ်းသာ၊
ဆန္ဒာတောင်းတ၊
တွေ့လိုလှ၏၊
မွေးဖဗိုလ်ချုပ်၊
အားထုတ်တောင်းတ၊
အ၀၀ကို၊
စေ့ငပြီးပြေ၊
ဆောင်ရွက်လေလျှင်၊
မည်ပေကျေးဇူး ဆပ်ခြင်းတည်း။
ရန်အောင်။
“ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ” စာအုပ်
No comments:
Post a Comment