Translate

Thursday, July 23, 2015

ကြန္ပ်ဴတာကို အေၿခခံမွ စကာ ေလ့လာၿခင္း (အပိုင္း-၁)

“Introduction to computer”

Zawgyi One Version

မိတ္ဆက္စကား

ဒီသင္ခန္းစာ၏ အဓိက ရည္ရြယ္ခ်က္ကေတာ့ ကြန္ပ်ဴတာကိုင္ၿပီး အခုမွ စတင္အသံုးၿပဳမည့္ သူေတြ အတြက္ သိသင့္တဲ့ အခ်က္မ်ားၿဖစ္ပါတယ္။ၿပည့္စံုတဲ့ မွတ္စုတစ္ခုေတာ့ မဟုတ္တာေတာ့ ေသခ်ာပါ တယ္။ကြန္ပ်ဴတာနည္းပညာဟာ အခ်ိန္တိုင္းတိုးတက္ေၿပာင္းလဲေနပါတယ္။ရည္ရြယ္ခ်က္ကေတာ့ ကြန္ပ်ဴတာနဲ႔ ရင္းႏွီးက်ြမ္း၀င္ၿပီးသားေတြ အတြက္ မဟုတ္ဘဲ လူသစ္တန္းေတြ အတြက္ အေၿခခံမွ စကာ ေလ့လာႏိုင္ရန္ပါ။ ကြန္ပ်ဴတာေလာကဟာ သိပ္ကို က်ယ္ၿပန္႕ေနပါၿပီ။အဲဒီ ေလာကၾကီးထဲကို လမ္းသလားဖို႕ ဆႏၵရိွသူ ေတြ အတြက္ ဒီအစီအစဥ္(မွတ္စု)ေလးက အေထာက္အကူ နည္းနည္းေတာ့ ေပးႏိုင္မယ္ လို႕ ထင္ပါ တယ္ ခင္ဗ်ာ။ 

ကြန္ပ်ဴတာကို အေၿခခံမွ စကာေလ့လာၿခင္း (အပိုင္း-၁)

 (ေဟာဒီက ကြန္ျပဴတာပူပူေႏြးေႏြး) တဲ့။ ကြန္ျပဴတာေရာင္းပုံက ဒီလိုေတာင္ျဖစ္လာၿပီလား။ ဒီေလာက္မဟုတ္ေသးေတာင္ အေတာ္ကိုေတာ့ေပါမ်ားလာၿပီဆိုတာကေတာ့ ေသခ်ာပါတယ္ေနာ္။ ကြန္ျပဴတာ ဒီေလာက္ေပါမ်ားလာေနတဲ့အခ်ိန္မွာ ကြန္ျပဴတာဆိုတာ ဘာမွန္းမသိေသးတဲ့သူေတြ အမ်ားႀကီးရွိေနပါေသးတယ္။ မသိၾကတဲ့အေၾကာင္းကလဲ သူတို႔ရဲ႕လုပ္ငန္းနဲ႔ ပတ္သက္မႈသိပ္မရွိတာက တေၾကာင္းျဖစ္မွာေပါ့။ ကိုယ္နဲ႔မပတ္သက္လို႔ မသိဘူး။ ကိုင္မတတ္ဘူးဆိုတာကေတာ့ အျပစ္ေျပာဖို႔မရွိပါ ဘူး။ ဒါေပမယ့္ အခုဒီမွာေရာက္ေနသူေတြကေတာ့ ကြန္ျပဴတာကိုသုံးဖို႔လိုအပ္တယ္ဆိုလို႔ ဒီသင္တန္းကို ေရာက္လာၾကၿပီ။ ဒီေတာ့သူ႕အေၾကာင္းကို နည္းနည္းေလာက္ေလ့လာၾကည့္ရေအာင္ ... ပထမဆုံး ကြန္ျပဴတာဟာ ၁၉၄၄-မွာ စၿပီးေပၚခဲ့ပါတယ္။ IBM ကထုတ္လုပ္တာပါ။ Main Frame ဆိုတဲ့ ခန္းလုံးျပည့္ အႀကီးစားႀကီးပါ။ အဲဒီပထမဆုံးကြန္ျပဴတာရဲ႕နာမည္ကေတာ့ Mark-1 ျဖစ္ပါတယ္။ အဲဒီေပၚစတုန္းကေတာ့ သိပ္အမ်ားႀကီးအလုပ္လုပ္ႏိုင္တာမဟုတ္ပါ ဘူး။ စာရင္းဇယားေတြေလာက္၊ အခ်က္အလက္ေတြစုစည္းေပးတာ၊ ရွာေဖြေပးတာေလာက္ပါဘဲ။ ဒါေၾကာင့္ အခ်ိဳ႕ကၽြမ္းက်င္သူေတြက ခန္႔မွန္းေဟာကိန္းထုတ္ခဲ့ၾကတယ္။ ေနာင္ဆိုရင္ ကြန္ျပဴတာဆိုတာ တိုက္အိမ္ႀကီးတလုံးစာေလာက္ျဖစ္လာလိမ့္မယ္တဲ့။ ဒါေပမယ့္ ကံေကာင္းတယ္လို႔ေျပာရမယ္ထင္တယ္။ ဒီေန႔ဒီေခတ္မွာ ကြန္ျပဴတာေတြဟာ ပိုႀကီးမလာတဲ့အျပင္ ပိုလို႔ပိုလို႔ေတာင္ ငယ္လာေနပါတယ္။ ဆန္႔က်င္ ဘက္အေနနဲ႔ ကြန္ျပဴတာရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းေတြကေတာ့ ပိုလို႔ပိုလို႔ ႀကီးမားလာတာကို ေတြ႕ရမွာပါ။ ဒီေန႔အခ်ိန္မွာေတာ့ အသုံးအမ်ားဆုံးကြန္ျပဴတာဆိုရင္ ပီစီ (PC) လို႔ေခၚတဲ့ စားပြဲတင္ (Desktop) ကြန္ျပဴတာ ေတြျဖစ္တာကို ေတြ႕ရမွာပါ။ ေနာက္ေတာ့ သယ္ေဆာင္သြားႏိုင္တဲ့ Mobile ကြန္ျပဴတာေလးေတြျဖစ္တဲ့ လက္ပ္ေတာ့(Laptop)၊ တက္ဘ္လက္ (Tablet)၊ ပီဒီေအ(PDA) ေတြကိုလည္း အသုံးမ်ားၾကတာကို ေတြ႕ရမွာ ပါ။ ကြန္ျပဴတာေလာကမွာ IBM နဲ႔ Mac ဆိုၿပီး Plaform ႏွစ္ခုရွိပါတယ္။ IBM-PC ကြန္ျပဴတာကို IBM ကထုတ္တာျဖစ္ၿပီး Mace(Macintosh) ကို Apple ကထုတ္တာျဖစ္ပါတယ္။ ဒီေန႔ကြန္ျပဴတာအသုံးျပဳသူ အမ်ားစုကေတာ့ Apple (Mac) ကို ေတြ႕ဖူးသူအေတာ္ရွားေနပါၿပီ။ သူက ေတာ္ေတာ့္ကို ေသြးႀကီးတာပါ။ ဒါမွမဟုတ္ ေဈးႀကီးတာပါ လို႔ ေျပာရမယ္ထင္တယ္။ Apple (Mac) ဟာ တကယ္ေတာ့ ကြန္ျပဴတာ ေလာကမွာ Apple ေခတ္ကိုႏွစ္ေပါင္းမ်ားစြာထူေထာင္ႏိုင္ခဲ့သူပါ။ ဒီေန႔သုံးေနၾကတဲ့ Icon ေတြကို တိုက္႐ိုက္ဖြင့္သုံးႏိုင္တဲ့ GUI စနစ္ ဒါမွမဟုတ္ Window စနစ္နဲ႔ Mouse ကိုအသုံးျပဳတာေတြကို Apple က စၿပီးတီထြင္ခဲ့တာပါ။ ေနာက္ထပ္ ႏွစ္ေပါင္း ၁၀-ႏွစ္ေက်ာ္ေတာ့မွဘဲ Microsoft တို႔လို ကုမၸဏီေတြနဲ႔ အျခားကြန္ျပဴတာထုတ္လုပ္သူေတြက လိုက္ၿပီးတုပထုတ္လုပ္ႏိုင္ခဲ့တာပါ။ Window95, Window 84 လို႔ကမၻာမွာ ႏႈိင္းယွဥ္ေျပာခဲ့ၾကပါတယ္။

ရွင္းလင္းခ်က္

(၁) IBM=International Business Machines Coporation
(2) Mobile=ေ႐ြ႕လ်ားႏိုင္ေသာ
(၃)Paltform=မူရင္းအဓိပၸါယ္ကေတာ့လမ္းေလၽွာက္သြားရန္ေနရာ၊ ဒါမွမဟုတ္ သြားရန္လမ္းေၾကာင္းေပါ့ေလ။အဲလိုပါဘဲ။ကြန္ျပဴတာအသုံးအႏႈန္းမွာလဲ လမ္းေၾကာင္း ၂-ခုရွိတယ္လို႔ ဆိုလိုခ်င္တာပါ။
(၄) Icon=ဆိုတာ Program,Disk Drive,Document အစရွိတဲ့ Window Element ေတြကို ကိုယ္စားျပဳတဲ့႐ုပ္ပုံတခုျဖစ္ပါတယ္။ (၅) GUI=Graphic User Interface-System (ျမင္ေတြ႕ေနရတဲ့ Icon (႐ုပ္ပုံ) ေတြကို တိုက္႐ိုက္ဖြင့္သုံးႏိုင္တဲ့စနစ္) ျဖစ္ပါတယ္။
(၆) GUI စနစ္အတိုင္း အျမင္အေပၚအေျခခံၿပီးတိုက္႐ိုက္ဖြင့္သုံးႏိုင္တဲ့စနစ္
(၇) Microsoft= ဒီေန႔ကြန္ျပဴတာေလာကရဲ႕ အႀကီးဆုံး Software   ကုမၸဏီႀကီးတခု။

Unicode Version

မိတ်ဆက်စကား

ဒီသင်ခန်းစာ၏ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာကိုင်ပြီး အခုမှ စတင်အသုံးပြုမည့် သူတွေ အတွက် သိသင့်တဲ့ အချက်များဖြစ်ပါတယ်။ပြည့်စုံတဲ့ မှတ်စုတစ်ခုတော့ မဟုတ်တာတော့ သေချာပါ တယ်။ကွန်ပျူတာနည်းပညာဟာ အချိန်တိုင်းတိုးတက်ပြောင်းလဲနေပါတယ်။ရည်ရွယ်ချက်ကတော့ ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေ အတွက် မဟုတ်ဘဲ လူသစ်တန်းတွေ အတွက် အခြေခံမှ စကာ လေ့လာနိုင်ရန်ပါ။ ကွန်ပျူတာလောကဟာ သိပ်ကို ကျယ်ပြန့်နေပါပြီ။အဲဒီ လောကကြီးထဲကို လမ်းသလားဖို့ ဆန်ဒရှိသူ တွေ အတွက် ဒီအစီအစဉ်(မှတ်စု)လေးက အထောက်အကူ နည်းနည်းတော့ ပေးနိုင်မယ် လို့ ထင်ပါ တယ် ခင်ဗျာ။ 

ကွန်ပျူတာကို အခြေခံမှ စကာလေ့လာခြင်း (အပိုင်း-၁)

 (ဟောဒီက ကွန်ပြူတာပူပူနွေးနွေး) တဲ့။ ကွန်ပြူတာရောင်းပုံက ဒီလိုတောင်ဖြစ်လာပြီလား။ ဒီလောက်မဟုတ်သေးတောင် အတော်ကိုတော့ပေါများလာပြီဆိုတာကတော့ သေချာပါတယ်နော်။ ကွန်ပြူတာ ဒီလောက်ပေါများလာနေတဲ့အချိန်မှာ ကွန်ပြူတာဆိုတာ ဘာမှန်းမသိသေးတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ မသိကြတဲ့အကြောင်းကလဲ သူတို့ရဲ့လုပ်ငန်းနဲ့ ပတ်သက်မှုသိပ်မရှိတာက တကြောင်းဖြစ်မှာပေါ့။ ကိုယ်နဲ့မပတ်သက်လို့ မသိဘူး။ ကိုင်မတတ်ဘူးဆိုတာကတော့ အပြစ်ပြောဖို့မရှိပါ ဘူး။ ဒါပေမယ့် အခုဒီမှာရောက်နေသူတွေကတော့ ကွန်ပြူတာကိုသုံးဖို့လိုအပ်တယ်ဆိုလို့ ဒီသင်တန်းကို ရောက်လာကြပြီ။ ဒီတော့သူ့အကြောင်းကို နည်းနည်းလောက်လေ့လာကြည့်ရအောင် ... ပထမဆုံး ကွန်ပြူတာဟာ ၁၉၄၄-မှာ စပြီးပေါ်ခဲ့ပါတယ်။ IBM ကထုတ်လုပ်တာပါ။ Main Frame ဆိုတဲ့ ခန်းလုံးပြည့် အကြီးစားကြီးပါ။ အဲဒီပထမဆုံးကွန်ပြူတာရဲ့နာမည်ကတော့ Mark-1 ဖြစ်ပါတယ်။ အဲဒီပေါ်စတုန်းကတော့ သိပ်အများကြီးအလုပ်လုပ်နိုင်တာမဟုတ်ပါ ဘူး။ စာရင်းဇယားတွေလောက်၊ အချက်အလက်တွေစုစည်းပေးတာ၊ ရှာဖွေပေးတာလောက်ပါဘဲ။ ဒါကြောင့် အချို့ကျွမ်းကျင်သူတွေက ခန့်မှန်းဟောကိန်းထုတ်ခဲ့ကြတယ်။ နောင်ဆိုရင် ကွန်ပြူတာဆိုတာ တိုက်အိမ်ကြီးတလုံးစာလောက်ဖြစ်လာလိမ့်မယ်တဲ့။ ဒါပေမယ့် ကံကောင်းတယ်လို့ပြောရမယ်ထင်တယ်။ ဒီနေ့ဒီခေတ်မှာ ကွန်ပြူတာတွေဟာ ပိုကြီးမလာတဲ့အပြင် ပိုလို့ပိုလို့တောင် ငယ်လာနေပါတယ်။ ဆန့်ကျင် ဘက်အနေနဲ့ ကွန်ပြူတာရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကတော့ ပိုလို့ပိုလို့ ကြီးမားလာတာကို တွေ့ရမှာပါ။ ဒီနေ့အချိန်မှာတော့ အသုံးအများဆုံးကွန်ပြူတာဆိုရင် ပီစီ (PC) လို့ခေါ်တဲ့ စားပွဲတင် (Desktop) ကွန်ပြူတာ တွေဖြစ်တာကို တွေ့ရမှာပါ။ နောက်တော့ သယ်ဆောင်သွားနိုင်တဲ့ Mobile ကွန်ပြူတာလေးတွေဖြစ်တဲ့ လက်ပ်တော့(Laptop)၊ တက်ဘ်လက် (Tablet)၊ ပီဒီအေ(PDA) တွေကိုလည်း အသုံးများကြတာကို တွေ့ရမှာ ပါ။ ကွန်ပြူတာလောကမှာ IBM နဲ့ Mac ဆိုပြီး Plaform နှစ်ခုရှိပါတယ်။ IBM-PC ကွန်ပြူတာကို IBM ကထုတ်တာဖြစ်ပြီး Mace(Macintosh) ကို Apple ကထုတ်တာဖြစ်ပါတယ်။ ဒီနေ့ကွန်ပြူတာအသုံးပြုသူ အများစုကတော့ Apple (Mac) ကို တွေ့ဖူးသူအတော်ရှားနေပါပြီ။ သူက တော်တော့်ကို သွေးကြီးတာပါ။ ဒါမှမဟုတ် ဈေးကြီးတာပါ လို့ ပြောရမယ်ထင်တယ်။ Apple (Mac) ဟာ တကယ်တော့ ကွန်ပြူတာ လောကမှာ Apple ခေတ်ကိုနှစ်ပေါင်းများစွာထူထောင်နိုင်ခဲ့သူပါ။ ဒီနေ့သုံးနေကြတဲ့ Icon တွေကို တိုက်ရိုက်ဖွင့်သုံးနိုင်တဲ့ GUI စနစ် ဒါမှမဟုတ် Window စနစ်နဲ့ Mouse ကိုအသုံးပြုတာတွေကို Apple က စပြီးတီထွင်ခဲ့တာပါ။ နောက်ထပ် နှစ်ပေါင်း ၁၀-နှစ်ကျော်တော့မှဘဲ Microsoft တို့လို ကုမ်ပဏီတွေနဲ့ အခြားကွန်ပြူတာထုတ်လုပ်သူတွေက လိုက်ပြီးတုပထုတ်လုပ်နိုင်ခဲ့တာပါ။ Window95, Window 84 လို့ကမ်ဘာမှာ နှိုင်းယှဉ်ပြောခဲ့ကြပါတယ်။

ရှင်းလင်းချက်

(၁) IBM=International Business Machines Coporation   (2) Mobile=ရွေ့လျားနိုင်သော
(၃)Paltform=မူရင်းအဓိပ်ပါယ်ကတော့လမ်းလျှောက်သွားရန်နေရာ၊ ဒါမှမဟုတ် သွားရန်လမ်းကြောင်းပေါ့လေ။ အဲလိုပါဘဲ။ကွန်ပြူတာအသုံးအနှုန်းမှာလဲ လမ်းကြောင်း ၂-ခုရှိတယ်လို့ ဆိုလိုချင်တာပါ။
(၄) Icon=ဆိုတာ Program,Disk Drive,Document အစရှိတဲ့ Window Element တွေကို ကိုယ်စားပြုတဲ့ရုပ်ပုံတခုဖြစ်ပါတယ်။ 

(၅) GUI=Graphic User Interface-System (မြင်တွေ့နေရတဲ့ Icon (ရုပ်ပုံ) တွေကို တိုက်ရိုက်ဖွင့်သုံးနိုင်တဲ့စနစ်) ဖြစ်ပါတယ်။

 (၆) GUI စနစ်အတိုင်း အမြင်အပေါ်အခြေခံပြီးတိုက်ရိုက်ဖွင့်သုံးနိုင်တဲ့စနစ် 

(၇) Microsoft= ဒီနေ့ကွန်ပြူတာလောကရဲ့ အကြီးဆုံး Software ကုမ်ပဏီကြီးတခု။

    

Main Frame Computer

No comments: