Translate

Friday, July 24, 2015

ကြန္ပ်ဴတာကို အေၿခခံမွ စကာေလ့လာၿခင္း (အပိုင္း-2)

2.0 Fundamental Of a Computer

Zawgyi

2.1 Hardware & Software

ကြန္ျပဴတာတလုံးရဲ႕ ကိုင္တြယ္ထိေတြ႕ႏိုင္တဲ့ အစိတ္အပိုင္းေတြကို Hardware ကြန္ျပဴတာကို ခိုင္းေစအမိန္႔ေပးႏိုင္တဲ့ ကိုင္တြယ္ထိေတြ႕မရေသာ အရာေတြကို Software ကြန္ျပဴတာတလုံးမွာပါတဲ့ အေျခခံပစၥည္းေတြကေတာ့ - Monitor (Output Device) ကြန္ျပဴတာမွာလုပ္ေဆာင္ေနတာေတြကို ျမင္ရဖို႔အတြက္ပါ။ - CPU (I/O Device) ကြန္ျပဴတာတခုလုံးကို ထိန္းခ်ဳပ္ဆက္စပ္ေပးသူပါ။ Output-D နဲ႔ Input-D ေတြကို ဆက္သြယ္ေပးမယ့္သူပါ။ သူကိုယ္တိုင္ကေတာ့ I/O Device ႏွစ္မ်ိဳးလုံးအတြက္အလုပ္လုပ္ပါတယ္။ - Keyboard (Input Device) သူ႕ေပၚက ခလုတ္ေတြကို ႏွိပ္ရင္းနဲ႔ စာေတြ႐ိုက္ဖို႔^ကြန္ျပဴတာကို ခိုင္းေစဖို႔ အသုံးျပဳပါတယ္။ - Mouse (Input Device) ကြန္ျပဴတာကို ခိုင္းေစအမိန္႔ေပးဖို႔ပါ။ ဒါေတြအားလုံးဟာ ကိုင္တြယ္ထိေတြ႕ႏိုင္တဲ့ အစိတ္အပိုင္းေတြျဖစ္ပါတယ္။ ဒါေၾကာင့္ Hardware လို႔ေခၚပါတယ္။ ဒီအရာေတြမရွိရင္ ကြန္ျပဴတာကို ဘယ္လိုမွအလုပ္လုပ္ေစႏိုင္မွာမဟုတ္ပါ။ ဒီလိုဘဲအျခားတဘက္မွာလဲ Software ဆိုတာရွိပါတယ္။ သူကေတာ့ လက္နဲ႔ကိုင္တြယ္ ထိေတြ႕ လို႔မရ။ ... ကြန္ျပဴတာကို မိမိလိုအပ္ရာလိုက္ၿပီးလုပ္ေပးေအာင္ ခိုင္းေစအမိန္႔ေပးဖို႔ ပ႐ိုဂရမ္ (Program) ေတြျဖစ္ပါတယ္။ မိမိလိုအပ္ခ်က္နဲ႔အညီ သင့္ေတာ္တဲ့ Program ေတြကို သုံးၾကရမွာ ျဖစ္ပါတယ္။ ဥပမာ- စာရင္းဇယားေတြျပဳစုဖို႔ဆိုရင္ Microsoft Excel , Lotus ေတြကို သုံးမယ္။ အစီရင္ခံစာေတြ႐ိုက္ဖို႔ဆိုရင္ေတာ့ Microsoft Word , Adobe Page Maker စတာေတြကို သုံးမယ္ေပါ့ေလ။ ဓါတ္ပုံ၊ ႐ုပ္ပုံေတြ ျပင္ဆင္တည္းျဖတ္ဖို႔ ဆိုရင္ေတာ့ Microsoft Photo Suit ,Adobe Photoshop , Corel Phot Paint စတာေတြကို သုံးရမယ္ေပါ့။ ဒီ ၃-ခုထဲမွာေတာ့ ဏ့သအသ်႕သစ က ဆရာႀကီးပါ။ ဒါေတြဟာ Software ေတြျဖစ္ပါတယ္။

2.2 Mouse

Mouse ဆိုတာကေတာ့ အၿမီးတန္းလန္းနဲ႔ေတြ႕ရတဲ့ ႂကြက္ကေလးတေကာင္ပါဘဲ။ ဒီႂကြက္ကေလးကို အထင္ေသးလို႔မရပါ။ သူဟာ ဒီေန႔ကြန္ျပဴတာအသုံးျပဳေနသူေတြအတြက္ မရွိမျဖစ္မိုးပါ။ အဲ ... သူ႕ကို ဘယ္လိုသုံးရသလဲ ၾကည့္ရေအာင္ ... သူ႕မွာ ပုံမွန္အားျဖင့္ဆိုရင္ ဘယ္^ညာ Click ၂-ခုရွိတာကိုေတြ႕ရမွာပါ။ အဲဒီ ၂-ခုရဲ႕ၾကားမွာေတာ့ Wheelူ တခုရွိပါမယ္။ Wheel အသုံးျပဳပုံကိုေတာ့ Microsoft Word သင္ခန္းစာ (Page ၁၇) ေရာက္မွဘဲ ၾကည့္ၾကမယ္။ အခုေလာေလာဆယ္ေတာ့ Mouse Click အမ်ိဳးအစားေတြကို ၾကည့္ၾကည့္ရေအာင္။ Mouse ကို ႏွိပ္တဲ့အခါမွာ (၃)မ်ိဳးဘဲရွိပါတယ္။
၁. Click ႐ိုး႐ိုးကလစ္လုပ္တာကိုေျပာတာပါ။ (တခုခုကို ေ႐ြးခ်ယ္လိုတဲ့အခါမွာ သုံးပါမယ္ ...)
၂. Double Click ကလစ္ ၂-ခ်က္ဆက္တိုက္ ျမန္ျမန္လုပ္ရပါမယ္။ (တခုခုကို ဖြင့္လိုတဲ့အခါမွာ သုံးပါမယ္ ...)
၃. Right Click ညာဘက္အျခမ္းကို ကလစ္လုပ္ရပါမယ္။ Right Click Double မရွိပါ။ (ပိုၿပီးျမန္တဲ့ လုပ္ေဆာင္ခ်က္ေတြ ရဖို႔အတြက္ Pop-Menu ကိုေခၚခ်င္တဲ့အခါ မွာ သုံးပါမယ္ ...)

ေနာက္ထပ္လိုအပ္တဲ့တခုက Drag & Realease လုပ္ျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔အေန နဲ႔ မၾကာခဏ ဆိုသလို drag လုပ္ဖို႔လိုအပ္တဲ့အခါရွိပါတယ္။
- ပထမတမ်ိဳးကေတာ့ Click ရ Drag လုပ္တာပါ။ Icon (သို႔) ႐ုပ္ပုံတခုခုေပၚမွာ Mouse ကိုကလစ္လုပ္ထားၿပီး အျခားတေနရာကို ဆြဲယူသြားတာကို ဆိုလိုပါတယ္။ တစုံတရာကို ေနရာေ႐ႊ႕ေစခ်င္တဲ့အခါမွာ ဒီနည္းကိုသုံးတယ္။
- Right Click & Drag ကေတာ့ အသုံးနည္းပါတယ္။ အခ်ိဳ႕ပ႐ိုဂရမ္ေတြမွာ သူ႕ကိုသုံးရင္ ပိုျမန္တဲ့လုပ္ေဆာင္ခ်က္ေတြရရွိမွာျဖစ္ပါတယ္။
ဥပမာ ¬ Microsoft Word,Coral Draw ေတြမွာ Right Click & Drag လုပ္မယ္ဆိုရင္ Copy/Pase ကိုတၿပိဳင္တည္းလုပ္လို႔ရတဲ့ လုပ္ေဆာင္ခ်က္ေတြရွိပါတယ္။ Start/Control Panel/Mouse ကိုဖြင့္လိုက္ရင္ Double Click ေလ့က်င့္ႏိုင္တာကို ေတြ႕ရပါမယ္။ ၿပီးေတာ့အဲဒီေနရာမွာဘဲ Double Click အျမန္ႏႈန္းကိုခ်ိန္ၫွိႏိုင္ပါတယ္။ Mouse ကိုေနရာေ႐ႊ႕ၾကည့္မယ္ဆိုရင္ ျမားပုံေလးဟာလည္း ေနရာေလၽွာက္ေ႐ြ႕ေနတာကို ေတြ႕ရပါမယ္။ အဲဒီျမားပုံေလးကို Pointer လို႔ေခၚၾကမယ္။ ပုံမွန္အားျဖင့္ Pointer လို႔ေခၚေပမယ့္ သူ႕ရဲ႕ေနရာကိုလိုက္ၿပီးေတာ့ Curser ဒါမွမဟုတ္ Inserction Poirnt လို႔လည္းေခၚရတဲ့အခါ ေတြရွိပါတယ္။ ဒါကို Microsoft Word သင္ခန္းစာေရာက္ရင္ ေတြ႕ရမွာပါ။

Unicode

2.1 Hardware & Software

ကွန်ပြူတာတလုံးရဲ့ ကိုင်တွယ်ထိတွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို Hardware ကွန်ပြူတာကို ခိုင်းစေအမိန့်ပေးနိုင်တဲ့ ကိုင်တွယ်ထိတွေ့မရသော အရာတွေကို Software ƒ ကွန်ပြူတာတလုံးမှာပါတဲ့ အခြေခံပစ်စည်းတွေကတော့ - Monitor (Output Device) ကွန်ပြူတာမှာလုပ်ဆောင်နေတာတွေကို မြင်ရဖို့အတွက်ပါ။ - CPU (I/O Device) ကွန်ပြူတာတခုလုံးကို ထိန်းချုပ်ဆက်စပ်ပေးသူပါ။ Output-D နဲ့ Input-D တွေကို ဆက်သွယ်ပေးမယ့်သူပါ။ သူကိုယ်တိုင်ကတော့ I/O Device နှစ်မျိုးလုံးအတွက် အလုပ်လုပ်ပါတယ်။ - Keyboard (Input Device) သူ့ပေါ်က ခလုတ်တွေကို နှိပ်ရင်းနဲ့ စာတွေရိုက်ဖို့^ကွန်ပြူတာကို ခိုင်းစေဖို့ အသုံးပြုပါတယ်။ - Mouse (Input Device) ကွန်ပြူတာကို ခိုင်းစေအမိန့်ပေးဖို့ပါ။ ဒါတွေအားလုံးဟာ ကိုင်တွယ်ထိတွေ့နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါကြောင့် Hardware လို့ခေါ်ပါတယ်။ ဒီအရာတွေမရှိရင် ကွန်ပြူတာကို ဘယ်လိုမှအလုပ်လုပ်စေနိုင်မှာမဟုတ်ပါ။ ƒ ဒီလိုဘဲအခြားတဘက်မှာလဲ Software ဆိုတာရှိပါတယ်။ သူကတော့ လက်နဲ့ကိုင်တွယ် ထိတွေ့ လို့မရ။ ... ကွန်ပြူတာကို မိမိလိုအပ်ရာလိုက်ပြီးလုပ်ပေးအောင် ခိုင်းစေအမိန့်ပေးဖို့ ပရိုဂရမ် (Program) တွေဖြစ်ပါတယ်။ မိမိလိုအပ်ချက်နဲ့အညီ သင့်တော်တဲ့ Program တွေကို သုံးကြရမှာ ဖြစ်ပါတယ်။ ဥပမာ- စာရင်းဇယားတွေပြုစုဖို့ဆိုရင် Microsoft Excel , Lotus တွေကို သုံးမယ်။ အစီရင်ခံစာတွေရိုက်ဖို့ဆိုရင်တော့ Microsoft Word , Adobe Page Maker စတာတွေကို သုံးမယ်ပေါ့လေ။ ဓါတ်ပုံ၊ ရုပ်ပုံတွေ ပြင်ဆင်တည်းဖြတ်ဖို့ ဆိုရင်တော့ Microsoft Photo Suit ,Adobe Photoshop , Corel Phot Paint စတာတွေကို သုံးရမယ်ပေါ့။ ဒီ ၃-ခုထဲမှာတော့ ဏ့သအသျ့သစ က ဆရာကြီးပါ။ ဒါတွေဟာ Software တွေဖြစ်ပါတယ်။

2.2 Mouse

Mouse ဆိုတာကတော့ အမြီးတန်းလန်းနဲ့တွေ့ရတဲ့ ကြွက်ကလေးတကောင်ပါဘဲ။ ဒီကြွက်ကလေးကို အထင်သေးလို့မရပါ။ သူဟာ ဒီနေ့ကွန်ပြူတာအသုံးပြုနေသူတွေအတွက် မရှိမဖြစ်မိုးပါ။ အဲ ... သူ့ကို ဘယ်လိုသုံးရသလဲ ကြည့်ရအောင် ... သူ့မှာ ပုံမှန်အားဖြင့်ဆိုရင် ဘယ်^ညာ Click ၂-ခုရှိတာကိုတွေ့ရမှာပါ။ အဲဒီ ၂-ခုရဲ့ကြားမှာတော့ Wheelူ တခုရှိပါမယ်။ Wheel အသုံးပြုပုံကိုတော့ Microsoft Word သင်ခန်းစာ (Page ၁၇) ရောက်မှဘဲ ကြည့်ကြမယ်။ အခုလောလောဆယ်တော့ Mouse Click အမျိုးအစားတွေကို ကြည့်ကြည့်ရအောင်။ Mouse ကို နှိပ်တဲ့အခါမှာ (၃)မျိုးဘဲရှိပါတယ်။
၁. Click ရိုးရိုးကလစ်လုပ်တာကိုပြောတာပါ။ (တခုခုကို ရွေးချယ်လိုတဲ့အခါမှာ သုံးပါမယ် ...)
၂. Double Click ကလစ် ၂-ချက်ဆက်တိုက် မြန်မြန်လုပ်ရပါမယ်။ (တခုခုကို ဖွင့်လိုတဲ့အခါမှာ သုံးပါမယ် ...)
၃. Right Click ညာဘက်အခြမ်းကို ကလစ်လုပ်ရပါမယ်။ Right Click Double မရှိပါ။ (ပိုပြီးမြန်တဲ့ လုပ်ဆောင်ချက်တွေ ရဖို့အတွက် Pop-Menu ကိုခေါ်ချင်တဲ့အခါ မှာ သုံးပါမယ် ...) နောက်ထပ်လိုအပ်တဲ့တခုက Drag & Realease လုပ်ခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေ နဲ့ မကြာခဏ ဆိုသလို drag လုပ်ဖို့လိုအပ်တဲ့အခါရှိပါတယ်။ -ပထမတမျိုးကတော့ Click ရ Drag လုပ်တာပါ။ Icon (သို့) ရုပ်ပုံတခုခုပေါ်မှာ Mouse ကိုကလစ်လုပ်ထားပြီး အခြားတနေရာကို ဆွဲယူသွားတာကို ဆိုလိုပါတယ်။ တစုံတရာကို နေရာရွှေ့စေချင်တဲ့အခါမှာ ဒီနည်းကိုသုံးတယ်။
-Right Click & Drag ကတော့ အသုံးနည်းပါတယ်။ အချို့ပရိုဂရမ်တွေမှာ သူ့ကိုသုံးရင် ပိုမြန်တဲ့လုပ်ဆောင်ချက်တွေရရှိမှာဖြစ်ပါတယ်။
ဥပမာ ¬ Microsoft Word,Coral Draw တွေမှာ Right Click & Drag လုပ်မယ်ဆိုရင် Copy/Pase ကိုတပြိုင်တည်းလုပ်လို့ရတဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။ Start/Control Panel/Mouse ကိုဖွင့်လိုက်ရင် Double Click လေ့ကျင့်နိုင်တာကို တွေ့ရပါမယ်။ ပြီးတော့အဲဒီနေရာမှာဘဲ Double Click အမြန်နှုန်းကိုချိန်ညှိနိုင်ပါတယ်။ Mouse ကိုနေရာရွှေ့ကြည့်မယ်ဆိုရင် မြားပုံလေးဟာလည်း နေရာလျှောက်ရွေ့နေတာကို တွေ့ရပါမယ်။ အဲဒီမြားပုံလေးကို Pointer လို့ခေါ်ကြမယ်။ ပုံမှန်အားဖြင့် Pointer လို့ခေါ်ပေမယ့် သူ့ရဲ့နေရာကိုလိုက်ပြီးတော့ Curser ဒါမှမဟုတ် Inserction Poirnt လို့လည်းခေါ်ရတဲ့အခါ တွေရှိပါတယ်။ ဒါကို Microsoft Word သင်ခန်းစာရောက်ရင် တွေ့ရမှာပါ။

No comments: