(အာဇာနည်နေ့ကို ဂုဏ်ပြုလိုက် ရပါသည်)
ဗိုလ်ချုပ်အောင်ဆန်း (ဝါ)သခင်အောင်ဆန်း(ဝါ)ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖေါ်ကိုင် ဘက် တဦးဖြစ်ခဲ့၍ကျောင့်းနေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်သည်၊ ကိုအောင်ဆန်းသည် ကျွန်တော်တို့ထက်၂ နှစ်စောကာတကသိုလ်သို့ ရောက်ရှိနေပါသည်၊ ကိုအောင်ဆန်းကို ကျွန်တော်တို့အတန်း ဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျာ လာချိန်တို့တွင် ‘အင်းဝ ဆောင်ရှေ့တွင် မကြာခဏ ဆုံစည်းမိတတ်ပါ သည်၊ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြသည်၊ ကိုအောင်ဆန်း. ကျောင်းသားဘ၀ ဝတ်ပုံဆင်ပုံမှာ ကျွန်တော်တို့အဖို့ အထူးအဆန်း မဟုတ်သော်လည်း အများအဖို့ အတောကိုထူးဆန်းနေသလို ဖြစ်ခဲ့ပါသည်၊ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်မတတ်ဘဲ ပင်နီအပေါ်အကျီင်္ ကို ကပိုကရိုဝတ်၍ မန္တလေးလုံချည် အနွမ်းကိုပင် ဆင်မြန်းကာ ဆံပင်စုတ်ဖွါးနှင့် သင်ကြားပိုဏ္ဍချချက်များလိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက်စိုက် သွားတတ်သည်ကို ယခုတိုင်ပင် မှတ်မိလျက်ရှိပါသည်၊ ကျွန်တော်တို့ အသိမိတ်ဆွေ သူငယ်ချင်းများနှင့်တွေ့လျှင် ကိုအောင်ဆန်းသည် ပြုံး ၍ သာ နုတ်ဆက်ပြီး ရှေ့ဆက်စိုက်စိုက် စိုက်စိုက်သွားလေ့ရှိပါသည်၊ တခုခုကို အစဉ် အာရုံစိုက်ပြီး နေသောအသွင်မှာ အမြဲထင်ရှား ၍ နေပါသည်၊ ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် ‘ဟေးလား - ဝါးလား’ စကားဖွဲ့လေ့မရှိပါ၊ သင်ကြားပို့ချသမျကို အမြဲ အာရုံစိုက်ပြီး နားထောင် မှတ်သားလေ့ရှိပါသည်၊ ထိုကြောင့်လည်း ကိုအောင်ဆန်း စာမေးပွဲတိုင်း ကောင်းစွာအောင်မြင်သည်ချည်း ဖြစ်ပါသည်၊ ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး သူ.အခန်းသို့ သွားရောက်လည်ပတ်သောအခါ သူ.အခန်းမှာ မသေသပ်ဆုံး အခန်းတခု အမြဲဖြစ်နေသည်ကို ကောင်းစွာသတိပြုမိသည်၊ တခါတရံ ကိုအောင်ဆန်းသည် ညလုံး ပေါက် စာဖတ်လေ့ရှိပါသည်၊ စာသင်ခန်းတွင် နုတ်ဆိပ်သလောက် သူ.အခန်းရောကှု စကားစမိလျှင် ကိုအောင်ဆန်းသည် အာပေါင်အာရင်းသန်သန်နှင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်၊ မည်သည်ကိုလေ့လာ လေ့လာ နိုက်နိုင်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်၊ ထို့ကြောင့် ကိုအောင်ဆန်းစကားပြောလျင် ပိုင်ပိုင်နိုင်နိုင် ပြောလည်းပြောနိုင်ပါသည်၊ သူ.ပြောဟန်ထဲမှ ‘ဒီမယ် –ဒီမယ်ဟု ပြောပုံများ ‘ကိုယ့်လူ-ကိုယ့်လူ ပြောပုံ များမှာ နားထဲတွင်စွဲ ၍ ယနေဏ္ဍတိုင် ရှိနေပါသေးသည်၊ တညနေတွင် သထုံဆောင့်နေသော ကိုကျော်ငြိမ်း(ယခု ဒုဝန်ကြီးချုပ်)။ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ သုံးဦးသာ တကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင် (ယခု ကုလားလက်ဘက်ရည်ဆိုင်နား) တွင် ရောင်းနေသော အကြော်ဆိုင်မှာ တ၀စားပြီး အင်းလျားကန်ဘက်ကို လျှောက်ပါသည်၊ ဘင်္ဂါလီလူငယ်များ . ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ(Terrorism) ကို သူရွံရှာ မုန်းတီးပုံ အားရပါးရ ပြောပြီးလျင် သူသည် တဦးချင်း လူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း။ စုပေါင်း စည်းလုံးလုပ်ကိုင်ခြင်း (Organization Action) ကိုသာ ယုံကြည်ကြောင်းကိုတနာရီကျော်ကျော်ခန့် ပြောနိုင်ခဲ့ပါသည်၊ ကိုအောင်ဆန်းဓါတ်ပုံမှာ အတော်ကြီးစံနစ်ကျလှပါသည်၊ ပထမစာအုပ်. မာတိကာကို ကောင်း စွာ မှတ်သားပါသည်၊ နောက်တခန်းစီဖတ်လျက် ဖတ်ပြီးသား အခန်းများ. အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ။ စာရွက်လွတ်ဖြစ်စေ မာတိကာခေါင်းစဉ်ချှု အတိုချုပ် (Summary) မိမိဘာသာမိမိ ရေးသားလေ့ရှိပါသည်၊ ကိုအောင်ဆန်းသည် ကျောင်းစာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင် ဖတ်နိုင်သော သတ္တျိရှိသူဖြစ်လေသည်၊ ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြသာနာများ။ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်၊ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းချက်များကို ပြတ်ပြတ် သားသား တစ်တစ်ခွခွ ဖေါ်ထုတ်လေ့ရှိပါသည်၊ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ။ မြန်မာဘာသာနှင့် ဖြစ်စေ။ ထိထိမိမိ ထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်၊ ၂ ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသိုဏ္ဍရေးနိုင်သူတဦး ဖြစ်ပါသည်၊ ကိုအောင်ဆန်း ဥပဒေတန်း ပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူ ဒေါက်တာ သိန်းမောင် ဦးစီးသော မြန်မာပိုင် အင်္ဂလိပ်သတင်းစာ ‘နယူးဘားမား’တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်၊ ကျွန်တော်လည်း ထိုသတင်းစာတွင်ပင် အချိန်ပိုင်း သတင်းအယ်ဒီတာအဖြစ် လုပ်လျက်ရှိပါသည်၊ ကျွန်တော်တို့ ၂-ဦးစလုံးသည် ညနေ ၃-နာရီခွဲကျော်မှ သတင်းစာတိုက်သို့ရောက်ကြပါသည်၊ သတင်းစာတိုက် ရောက်လျင် ကိုအောင်ဆန်းသည် နောက်တနေ့အတွက် သတင်းခေါင်းကြီးကို ကြိုတင်စဉ်းစားလာခဲ့သည့်အတိုင်း ထိုင်ရာမထ ဆိုသလို တထိုင်တည်းနှင့် အပြီး ရေးလေ့ရှိပါသည်၊ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်း များမှာ နယ်ချဲ့ဆန်ဏ္ဍကျင်ရေးများသာ ဖြစ်ကြပါသည်၊ အင်္ဂလိပ်စာကိုရေးရာ့ နိုင်နင်းသည်နှင့်အတွက်ခက်ခဲလှသော ပြသာနာတို့ကို ရှင်းလင်းပီသစွာ ဖေါ်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲဏ္ဍအစိုးရနှင့် နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း. ‘ခေါင်းကြီးပိုင်း’များကို လေးလေးစားစား ရှိခဲ့ကြရလေသည်၊ မြန်မာဆောင်းပါးများကိုမူ ‘မဟာဒဂုန် မဂ္ဂဇင်း ကြီ့း ရေးလေ့ရှိခဲ့ပါသည်၊ မြန်မာဆောင်းပါးများ ရေးသောအခါတွင်လည်း ကိုအောင်ဆန်းသည် မြန်မာသံ ပီပီသသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်၊ ဟောပြောရာ့မူ ကိုအောင်ဆန်းသည် ‘ဒ္လေါများများပါပြီး ပြောချင်ဇော ကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်၊ ‘အိုးဝေ မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်း ဆောင်ရွက်နေစဉ်က ‘ငရဲခွေးကြီးလွတ်လာပြီ” ဟူသော အင်္ဂလိပ်စာ ဆောင်းပါးမှာ တက့သိုလ်နယ်မြေသာမက တနိုင်ငံလုံး သိမ့်သိမ့်တုန်သွားခဲ့ပါသည်၊ ထိုဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြုပြီး ကျောင်းသားအရေးတော်ပုံ ပေါ်ခဲ့ရလေသည်၊ ဗမာ့နိုင်ငံရေးဖြစ်စဉ် တွင် မှတ်တိုင်ကြီးတခုဟု ဆိုနိုင်ပါသည်၊ သမဂကိစများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစား အသောက် အအိပ်အနေကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်၊ အလုပ်လုပ်ရမှာကို ဘယ်သောအခါမှ ကြောက်ရွံခြင်း မရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲပါသည်၊ ဇွဲလည်းအလွန် ပြင်းထန်ပါသည်၊ ဘာလုပ်လုပ် စိတ်ရောကိုယ်ပါ လုပ်တတသ်ူလည်း သူလုပ်သမဋမှာ ခရီးရောက်လေ့ရှိပါသည်၊ ကျောင်းသားဘဝ့ ဟန်ရေးပြခြင်းကို စက်ဆုတ်ပြီး ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအနေနှင့်‚င်း။ ဗိုလ်ချုပ်အောင်ဆန်းအနေနှင့်‚င်း နိုင်ငံ့တာဝန်တို့ကို မမောနိုင် မပန်းနိုင် ဆက်လက် ထမ်းဆောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင် ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဘွယ်ပင် ဖြစ်တော့သည်၊ ကျောင်းသား ကျောင်းသူတိုင်း ကိုအောင်ဆန်း နည်းတူ နိုင်ငံအတွက် ကြိုးပမ်းအားထုတ်နိုင်ကြ ပါစေ၊ ၊
သခင်ကျော်စိန်
( ၁၉၆၀-၆၁ ခုနှစ်ထုတ် ရန်ကုန်တက့သိုလ် နှစ်လည်စာစောင် အတွဲ(၄)အမှတ်(၂)မှ ထုတ်နုတ်ဖော်ပြပါသည်။
2 comments:
တို့ဗိုလ်ချုပ်ကို အမြဲလေးစားပါတယ်။
Like
Post a Comment