Translate

Tuesday, July 21, 2015

ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း နှင့် စနစ်တကျစီမံခန့်ခွဲခြင်း



ယနေ့အချိန်အခါတွင်ကွန်ပျူတာများကို နယ်ပယ်အသီးသီးမှာအထောက်အကူပြုအသုံးချပစ္စည်း
အဖြစ်တွင်ကျယ်စွာသုံးစွဲလာပါသည်။ Electronic Device တစ်ခုဖြစ်လို့ ချို့ယွင်းမှု၊ ပျက်စီးမှု တွေ့ရမှာ
ဖြစ်ပါသည်။ အဲဒီလိုဖြစ်ရင် သုံးစွဲသူကိုယ်တိုင်စစ်ဆေးပြီး ပြုပြင်နိုင်အောင်ရည်ရွယ်တာပါ။ ချို့ယွင်းမှု
ပျက်စီးမှုကို ပြုပြင်နိုင်ရန် Computer ဖြစ်တဲ့အလျှောက် Softwear ပိုင်းနှင့် Hardware ပိုင်းဆိုပြီး လေ့
လာရမှာဖြစ်ပါသည်။ ပြုပြင်နိုင်ရန်အတွက်ပြင်မယ့် Computer ၏ Hareware ၊ Operation System နှင့်
ဆက်သွယ်တပ်ဆင်အသုံးပြုနေတဲ့ အခြားပစ္စည်းများကိုသိရှိထားရန်လိုအပ်ပါတယ်။ ဒါကပြင်ဘို့
စဉ်းစားတာ။ ဘာကြောင့်ဒီလိုဖြစ်တာလဲ၊သိထားရင်ရှောင်နိုင် ရှားနိုင်မှာဘဲဖြစ်တယ်။ အကြမ်းဖျဉ်းပစ္စည်း
ထုတ်လုပ်သူရဲ့ချို့ယွင်းမှု၊ လျှပ်စစ်ဓါတ်အားပိုင်းနဲ့ လူရဲ့ပေါ့လျော့မှု၊ မကျွမ်းကျင်မှုကြောင့်ဆိုပြီးတွေ့ရ
တယ်။ ကွန်ပျူတာက လျှပ်စစ် ဓါတ်အားတည်ငြိမ်မှုရှိဘို့လိုအပ်တယ်။ တက်လိုက်^ကျလိုက်ဖြစ်တယ်
ဆိုရင် Sသ်အတမေန ပိုင်းပျက်စီးနိုင်သလို ကြာလာရင် Hardware လည်းပျက်စီးနိုင်ပါတယ်။ မကြာခဏ
ပြတ်တောက်တာမျိုးဆိုလည်း အတူတူပါဘဲ။ ခုချိန်မှာတော့ UPS ( Uninterruptable Power Supply) တွေ
သုံးလာပြီဖြစ်ပါတယ်။ မသုံးဘူးရင်တော့ဆင်ဝယ်ပြီးချွန်းဖိုးနှမျောသလိုဖြစ်နေမှာပါ။ နောက်တစ်ချက်
ကတော့ မဖြစ်သင့်တဲ့ လူရဲ့ပေါ့လျော့မှုဘဲဖြစ်ပါတယ်။ ဥပမာ စက်တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင်
လျှပ်စစ်မီးခလုတ်ကို အရင်ဖွင့်၊ ပြီးရင် UPS ကိုဖွင့်၊ နောက်ဆုံးမှကွန်ပျူတာကိုဖွင့်ရမှာပါ။ စက်တစ်
လုံးကိုပိတ်မယ်ဆိုရင် လည်း ကွန်ပျူတာကို Shutdown အရင်လုပ်၊ ပြီးမှ UPS ကိုပိတ်၊ နောက်ဆုံးမှ
လျှပ်စစ်ဓါတ်အားကိုပိတ်မှ စနစ်ကျမှာဖြစ်ပါတယ်။ ဒီ လိုမဟုတ်ပဲ ပေါ့ပေါ့ဆဆပြီးစလွယ်ဖြစ်သလို
လုပ်ရင် အခန့်မသင့် ရင် ပျက်စီးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ လူရဲ့မကျွမ်းကျင်မှုကြောင့်ဘဲ
ဖြစ်တယ်။ သာမန်သုံးစွဲသူရဲ့စက်ဟာချို့ယွင်းမှု မရှိသလောက်ဖြစ်ပါတယ်။ အသင့်အတင့်တတ်ကျွမ်း
သူရဲ့စက်ဟာ ချို့ယွင်းပျက်စီးလေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်လေ့ရှိလဲလို့ လေ့လာတဲ့အခါ အဓိကက
တော့ စမ်းသပ်လိုတာကိုတွေ့ရတယ်။ Application Program ရော၊ Window(Operation System) ရော
ထိခိုက်တာတွေ့ရပါတယ်။ အမှန်ကတော့လုပ်ချင်တာကို တစ်ခုချင်းလုပ်သင့်ပြီး ဖော်ပြလာတဲ့သတင်း
ဖတ်ပြီးမသိရင် Cancle/No ပေးနိုင်ရင်ရနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ထင်တာလုပ်လို့ဖြစ်မလာဘဲ
ရှုတ်ထွေးကုန်ရင် ဘယ်ကပြန် စရမှန်းမသိဖြစ်တတ်ပါတယ်။ Window(Operation System) ပါမတက်
တော့ရင်တော့ ပြင်ဆင်နိုင်သူကို မှီခိုရမှာပါ။ Computer  တစ်လုံးကိုပြုပြင်မယ်ဆိုရင် Hardware ပိုင်းနှင့်
Software ပိုင်းဆိုင်ရာသိသင့်တာ လေးတွေ စလေ့လာရမှာပါ။
Hardware
Computer တစ်လုံးဟာ Hardware နဲ့ Software ပိုင်းဆိုပြီးရှိတယ်။ Hardware ထဲကမှ System
Unit ကို ဦးစားပေးလေ့လာသွားမှာဖြစ်ပါတယ်။ System Unit ထဲမှာစက်တစ်လုံးမောင်းနှင်ဘို့ မဖြစ်
မနေပါရမှာ တွေကတော့ -
- Mother Board with VGA(Video Graphic Array),Sound
- CPU (Central Processing Unit )with Cooling Fan
- ROM ( Random Access Memory )
- HDD ( Hard Disk Drive )
- CD Drive ( Compact Disk)
- Floppy Drive(A:\)
- Casing with Power Supply ဖြစ်တယ်။ Multimedia သုံးမယ်ဆိုရင် Speaker လိုပါမယ်။

Hard Copy သုံးချင်ရင် Printer လိုမှာဖြစ်တယ်၊ VoIP သုံးမယ်ဆိုရင် Head Phone ၊  Webcam ၊
VideoCam လိုမှာဖြစ်တယ်။ ဒါတွေကတော့ Peripheral တွေဘဲဖြစ်ပါတယ်။ လိုအပ်မှတပ်ဆင်
သုံးစွဲရမယ့် Device တွေဘဲဖြစ်ပါတယ်။
Mother Board
Main Boardိ ဟာ Computer တစ်ခုလုံးရဲကအဓိကကျ System Circuit Board ဖြစ်ပါတယ်။
Computer  ရဲ့ အစိတ်အပိုင်းအားလုံးကို Board ပေါ်မှာတပ်ဆင်ရတဲ့အတွက် Mother Board လို့ခေါ်
ပါတယ်။ CPU ,Main Memory & Other Connector တွေကို Mother Board ပေါ်မှာဘဲဆက်
သွယ်ရတာဖြစ်ပါတယ်။ Disk Drive တွေဖြစ်တဲ့ Floppy , Compack Disk, Hard Disk  တွေကို
လည်း Mother Board ပေါ်မှာဘဲ ဆက်သွယ်ရတာဖြစ်ပါတယ်။ Mother Board တွေမှာ သုံးစွဲမယ့်
CPU ရဲ့ အမြန်နှုန်း ( Speed ) ပေါ်မူတည်ပြီး ရွေးချယ် ရပါတယ်။  COM port,Parallal Port တွေက
ပါပြီးဖြစ်တယ်။ ဒီအပြင်  Sound၊ VGA ,NIC ,  USB ပါတာတွေက သုံးမယ့် လုပ်ငန်းအပေါ် အခြေခံ
ပြီးရွေးချယ်ရတယ်။ Graphic Design ,Video Editing ,Game သုံးမယ်ဆို ရင် 3D Accekeratir ပါတဲ AGP
(Accelerator Graphic Port)Graphic Card ကိုသုံးရမှာပါ။ Graphic Card Memory 16GB,32 GB,64 GB 128GB,256 GB ဆိုပြီး ထုတ်လုပ်သူများက Brand အစုံထုတ်ထားပါတယ်။ AGP Card တွေမှာ 2X ၊
4X ၊ 8X ဆိုပြီးရှိတော့ MB ရဲ့ Slot  နဲ့ ကိုက်ညီဘို့လိုပါတယ်။ CMOS(Complementary Metallic Oxide Silicon Setting  ကတော့ MB ပေါ်မူတည်ပြီးအနည်းငယ် ကွဲပြားပေမယ့် အများအားဖြင့်
တူညီအောင်ပြုလုပ်ထားပါတယ်။ BIOSှ ထဲဝင်ရင် များသောအားဖြင့်ူDEL နှိပ်ပြီးဝင်ရတယ်၊ အချို့
MB တွေမှာတော့ Function Botton(F1,F2,F10) များကနေ ဝင်ရတယ်။ စက်မှာ System Password
သုံးထားလို့မသိရင် COMS Clear လုပ်ပေးရတယ်။ အများအားဖြင့် COMS CLS ဆိုပြီး JUMMER
ပါလေ့ရှိပြီး Short ပေးပြီးဖြုတ်ရတယ်။ မပါတဲ့ MB ဆိုရင် ဩမေိ Board Battery ကို ခေတ္တဖြုတ်လိုက်ရင်
CMOS Setting ပြုတ်သွားမှာဖြစ်တယ်။ ဒါမှ Boardိ ကိုကိုင်လို့ရမှာဖြစ်ပါတယ်။ မိမိသုံးမယ့်
လုပ်ငန်းပေါ်မူတည်ပြီး Mother Board ကိုရွေးချယ်သင့်တယ်။
Central Processing Unit(CPU)
CPU(Microprossor ) ဆိုတာ Computer တစ်လုံးရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်။ အလွယ်
တကူ CPU နဲ့ I3 , I5, I7 လို့ပြောလေ့ရှိတယ်။ တစ်ချို့က ကွန်ပျူတာရဲ့ဦးနှောက်လို့တောင်ဆို
ကြတယ်။ CPU့ ဟာ Computer ရဲ့ အမြန်နှုန်း (Clock Speed) ဖြစ်ပြီး Unit ကို Hz နဲ့သတ်မှတ်တယ်။
CPU့ ရဲ့ Type သည် Socket 7 ၊ Socket 370 ၊ 478 ၊ 775 ဆိုပြီး Pins နဲ့ရှိတယ်။ MB
နဲ့ကိုလည်း ကိုက်ညီအောင် ရွေးရတယ်။ နောက်ပိုင်း  CPU့ တွေမှာ Cache က
နှစ်ခုပါတဲ့ အတွက် Data ကို Cache တစ်ခု၊ Instruction Code  ကို Cache တစ်ခုခွဲပြီး
အလုပ်လုပ်ပေးတာ ဖြစ်ပါတယ်။ Intelူ က ထုတ်တဲ့ Pentium နဲ Celeron မှာ Cache ကွာပြီး
အမြန်နှုန်း နှင့် တန်ဖိုး လည်းကွာပါတယ်။ Internet  နဲ့ အဓိကအလုပ်လုပ်မယ်ဆိုရင်
(Duel Core Processor) ကိုဘဲ ရွေးသင့်တယ်။
Random Access Memory(RAM)
ROM ဟာ Physical Memory ဖြစ်ပြီး ပြအန နဲ့သတ်မှတ်ပါတယ်။ အလုပ်လုပ်တဲ့ စားပွဲမျက်နှာ
ပြင်တစ်ခုလိုပါဘဲ။ Memory  များရင်များသလို အလုပ်ကြီးကြီးလုပ်နိုင်မှာပါ။ သိမ်းဆည်းနိုင်တဲ့
Device ဖြစ်ပေမယ့် အလုပ်လုပ်နေစဉ် ယာယီဘဲဖြစ်ပါတယ်။ အသုံးပြုနေတဲ့ Application ကို Save
မလုပ်ဘဲ Power ပိတ်^ပျက်သွားရင် ဘာမှရှိမှာမဟုတ်တော့ပါဘူး။EDO(Extended Data Output)၊
  SD ROM (Synchronized Dynamic)၊  DDR (Double Data Rate) ဆိုပြီးထုတ်လုပ်ထားပါတယ်။ EDO
တွေဟာ ၇၂ PIN SIMM တွေဖြစ်တယ်။ DIMM အနေနဲ့လည်းရှိတတ်ပါတယ်။  SD ROM များသည် System
Clockု နှင့် Synchonize လုပ်ထားခြင်းဖြစ်ပါတယ်။ 168 Pin DIMM ဖြစ်ပါတယ်။  DDR SD ROM
တွေဟာ SD ROM ရဲ့ Circle တိုင်းကို Process နှစ်ခုလုပ်စေတာဖြစ်ပါတယ်။ 184 Pins ဖြစ်ပြီး
ရိုးရိုး  SD ROM နဲ့ အရွယ်တူဖြစ်ပါပြီး Slot မတူညီပါ။ MB ပေါ်မူတည်ပြီး ဘယ်လိုအမျိုးအစားသုံး
ရမယ်ဆိုတာ ရွေးချယ်ပေးရမှာပါ။ Card ပေါ်မှာရှိတဲ့ Pin မူတည်ပြီး  SIMM (Single Inline Memory
Module)၊  DIMM(Double Inline Memory Module) ဆိုပြီးလည်း သိရမှာ ဖြစ်ပါတယ်။
Hard Disk Drive
Hard Disk(C:\) ဟာ Data တွေကိုသိမ်းဆည်းတဲ့ Permenant Storage Device ဖြစ်ပါတယ်။
Computer တစ်လုံးမှာမရှိမဖြစ်ရှိနေရမှာဖြစ်တဲ့အတွက် Fix Disk (Non-Removable) လို့လည်းခေါ်ကြပါ
တယ်။ သိမ်းဆည်းနိုင်တဲ့ပမာဏကို 300 GB ,500 GB  ,1000 GB(1TB), 2000 MB(2 TB)
ဆိုပြီးရှိပါတယ်။ အခုဆိုရင် 3000 GB အထက်တောင်သုံးနေပြီဖြစ်ပါတယ်။ ROM ကိုအလုပ်လုပ်တဲ့စားပွဲမျက်နှာပြင်တစ်ခုလို့သတ်မှတ်ရင်  HDD ဟာ အလုပ်
က ဗီဒိုတစ်ခုပါ။ သိမ်းဆည်းနိုင်တဲ့ပမာဏအပြင်  HDD ရဲ့ လည်ပတ်နိုင်တဲ့နှုန်း ၅၄၀၀ RPM ၊ ၇၂၀၀
RPM ဆိုပြီးရှိပါတယ်။ ဒါက Computer ရဲ့အမြန်နှုန်းအတွက် တစ်စိတ်တစ်ပိုင်းဆိုင်ပါတယ်။
ဒါအပြင် Data Transfer Rate က Ultra DMA  100 ဖြစ်တယ်။ 100 MB /s  ဖြစ်ပါတယ်။
ဃသအေငညါ ပေါ်ကျရောက်ပြီး အလင်းအဖြစ်ပုံဖော်ပေး၍ အချက်အလက်များ၊ ရုပ်ပုံများကို ဩညငအသမ ပေါ်
Keyboard
Keyboard သည် ညွှန်ကြားချက်များပေးရန်နှင့် အချက်အလက်များသွင်းရန်အတွက် သုံးစွဲသော
Input Device ဖြစ်ပါသည်။ PC တစ်လုံးမှာမရှိမဖြစ်လိုအပ်ပါတယ်။ Keyboard  အမျိုးအစားနှစ်မျိုးရှိပါ
သည်။ Mini Dim(PS 2 )(ခေါင်းအသေး)  နှင့် USB တို့ဖြစ်ပါသည်။ Main Board  နှင့်Keyboard Type မတူညီပါက Converter Plug သုံးစွဲဆောင်ရွက် နိုင်သည်။
MOUSE
Mouse  သည် Monitor တွင် GUI ( Graphic User Interface) ဖြင့်ဖော်ပြနေသောနေရာတွင်
အမိန့်ပေးခြင်းများ ဆောင်ရွက်ခြင်းကို သုံးသည်။

===============================================
အားလုံပဲ ကွန်ပျူတာ အကြောင်းကို အသေးစိတ်သိရှိပြီး ကောင်မွန် ကျွမ်းကျင်စွာ အသုံးပြု နိုင်ကြပါစေ။
http://thartoeshwemyanmar.blogspot.com

No comments: